မကွေး ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ COVID-19 Quarantine Centre အသီးသီးတွင် Positive လူနာများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ COVID-19 ရောဂါကာကွယ်ဆေးဝါး အခက်အခဲ မဖြစ်စေရေး အထောက်အပံ့အဖြစ် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်မှ မကွေးတိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ ၊တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်ထံ COVID-19 ရောဂါ ကာကွယ်ဆေးဝါးများဖြစ်သည့် Paracetamol ဆေးပြား(၁၀၀၀၀)၊Vitamin C ဆေးပြား(၇၀၀၀)နှင့် Azinam ပိုသတ်ဆေးပြား(၃၁၅)တို့အား ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။