မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၁၄၇/၂၀၂၁ အရ အကျဉ်းထောင်အသီသီးရှိ အမှုရင်ဆိုင်နေရသော တရားခံများအား ပြန်လည်စေလွှတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၁၄၇/၂၀၂၁ အရ အကျဉ်းထောင်အသီသီးရှိ အမှုရင်ဆိုင်နေရသော တရားခံများအား ပြန်လည်စေလွှတ်

မကွေး ဇူလိုင် ၂၂

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါကူစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် တရာရုံးများတွင် ရုံးထုတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသော အမှုများမှာ စစ်ဆေးနိုင်ခြင်းမရှိဘဲ ရက်ရှည်ကြန့်ကြာနေသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် သက်ညှာစွာစဉ်းစားပြီး ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများအားပိတ်သိမ်း၍ တရားခံများအား ပြန်လွှတ်သွားရန် ၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၂၀ ရက်၊ အမိန့်အမှတ် ၁၄၇/၂၀၂၁ ဖြင့် ညွှန်ကြားခဲ့သဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်များဖြစ်သော မကွေးဗဟိုအကျဉ်းထောင်မှ တရားခံ ကျား ၉ ဦး၊မ ၃ ဦးအားလည်းကောင်၊ပခုက္ကူအကျဉ်းထောင်မှ တရားခံ ကျား ၂၄ ဦး၊မ ၁ ဦးအား လည်းကောင်း၊ သရက်အကျဉ်းထောင်မှ တရားခံ ကျား ၁ ဦးကိုလည်းကောင်း ဇူလိုင်လ ၂၂ ရက် နေ့တွင် အသီးသီးပြန်လွှတ်ပေးခဲ့ရာ မကွေးအကျဉ်းးထောင်၌ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၅)တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်၊ အတွင်းရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်၊ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ညွှန်ကြားရေးမှူး ဦးမောင်ထူးတို့မှ လည်းကောင်း၊ ပခုက္ကူအကျဉ်းထောင်၌ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ လည်းကောင်း၊ သရက်ခရိုင်အကျဉ်းထောင်၌ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့မှ ပြန်လည်လွတ်မြောက်ပေးခဲ့သည့် တရားခံများအား အသီသီး ဆုံးမသြဝါဒများ ပြောကြားကာ တရားခံ များအား ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိရေး မော်တော်ယာဉ် များဖြင့် စီမံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း