မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ဆေးရုံနှင့်ကိုဗစ်စင်တာများ သွားရောက် ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ဆေးရုံနှင့်ကိုဗစ်စင်တာများ သွားရောက် ကြည့်ရှုစစ်ဆေး

မကွေး ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရာဘုရားသို့ ရောက်ရှိခဲ့ပြီး ဓာတ်လှေကား တပ်ဆင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုကာ အရည် အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက်ပေးကြရန် မှာကြားဆောင်ရွက်ကာ အထက်စက်တော်ဘုရား တွင် ပန်းရေချမ်း ဆီမီးကပ်လှူပူဇော်၍ ဦးခိုက်ကြည်ညိုဖူးမျှော်ခဲ့သည်။

မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသည့် ဓါတ်လှေကားတာဝါနှင့် Sky Walk Way Bridge တည်ဆောက်ရေးလုပ်ငန်းကို Kyaw Thar ကုမ္မဏီက မေလ ၂၉ ရက်နေ့မှ စတင်၍ တည်ဆောက်လျက်ရှိရာ ဓါတ်လှေကားတာဝါကို အလျား ပေ ၂၁၀ ၊ အမြင့် ၁၁၉ ပေ လျှောက်လမ်း အကျယ် ၁၂ ပေ၊ Lift Tower ၂ စင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး Lift တစ်စင်းတွင် လူဦးရေ (၂၅)ဦးနှင့် Lift ၂ စင်းဖြစ်၍ လူဦးရေ(၅၀)ဦး တစ်ပြိုင်နက် အတက်အဆင်း လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဓါတ်လှေကားတာဝါကို ယခုနှစ် ဘုရားပွဲတော်ကာလ မတိုင်မီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြီးစီးအောင် တည်ဆောက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဓါတ်လှေကားတာဝါ လျှောက်လမ်း တည်ဆောက်မှု ကုန်ကျစရိတ် အနေဖြင့် ငွေကျပ်သိန်း(၁၆၀၀၀)ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရ သည်။

ဆက်လက်၍ ထွက်ခွာလာရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စလင်းမြို့နယ်၊ ကန်ပြားကျေးရွာ သို့ရောက်ရှိပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကန်ပြားကန်တူးဖော်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများမှ သောက်သုံးရေစက်ရေတွင်း တူးဖော် ဆောင်ရွက်ပေးရန် တင်ပြမှုအပေါ် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စမ်းသပ် တိုင်းတာစစ်ဆေး၍ ရေရရှိနိုင်မည့် အခြေအနေနှင့် ခန့်မှန်းကုန်ကျစရိတ်တို့အား တွက်ချက် တင်ပြရန် မှာကြားခဲ့ပြီး လင်ဇင်းရေလွှဲဆည်သို့ ဆက်လက်ထွက်ခွာခဲ့သည်။

ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၁၂ နာရီမိနစ် ၄၀ အချိန်တွင် စလင်းမြို့နယ်၊ လင်ဇင်းရေလွှဲဆည် သို့ရောရှိခဲ့ပြီး ရေပေးဝေနိုင်မှု အခြေအနေနှင့် ရေပေးဝေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုနှစ် သီးနှံစိုက်ပျိုးနိုင်မှုအခြေများအား တာဝန်ရှိသူများမှ တင်ပြခဲ့မှုအပေါ် စိုက်ပျိုးရန်ကျန်ရှိသည့် မိုးသီးနှံများအား တိုက်ရိုက်အစေ့ချ စိုက်ပျိုးဆောင်ရွက်ရန် မှာကြားဆောင်ရွက်ကာ ချောက်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေ့လယ် ၂ နာရီ အချိန်တွင် ချောက်မြို့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအား ဆေးကုသပေးနေမှု အခြေအနေများအားလည်းကောင်း၊ မဟာစည်ရိပ်သာတွင် Covid Positive Center ဖွင့်လှစ်၍ ကုသဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လူနာများအတွက် အာဟာပြည့်စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ၊ ကျန်းမာရေးအထောက် အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ချောက်မြို့ စက်မှု လက်မှုသိပ္ပံကျောင်းတွင် လူ(၁၀၀)ဦးစာ Quarantine Center ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း