မကွေး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဆူပူ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူခံထားရသော အသက်(၁၈)နှစ် မပြည့်သေးသော ကလေးသူငယ်တရားခံ(၅)ဦးအား ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးရုံး၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဝင်များဖြစ်သော အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်နှင့် အတွင်း ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့မှ ကလေးတရားခံ(၅)ဦးအနက်(၃)ဦးအား ဆုံးမ သြဝါဒပြောကြား၍ ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ပြီး၊ ကျန်(၂)ဦးမှာ ကိုဗစ်-၁၉ ကူးစက်ခံနေရသဖြင့် သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသပေးလျက်ရှိပြီး ၎င်းတို့၏ မိဘများထံ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရသည်။