မကွေး ဇူလိုင် ၂၅
မကွေးဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်သည် အဖွဲ့ဝင် (၁)ဗိုလ်မှူးကြီးကျော်ကျော်လင်း၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊အတွင်း ရေးမှူးဦးဝင်းရှိန်နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန်က မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် ပထမအကြိမ် ရောက်ရှိလာသည့် အောက်စီဂျင်အိုးများ စနစ်တကျ ထားရှိဆောင်ရွက်နေမှုနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်နေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် အောက်စီဂျင်စက်ရုံ တည်ဆောက်လျက်ရှိပြီး အဆိုပါအောက်စီဂျင်စက်ရုံအတွက် (၄၀)လီတာဆံ့အောက်စီဂျင်အိုး အလုံး (၁၀၀၀)မှာယူထားရာ ဇူလိုင်လ ၂၅ ရက်ယနေ့ ညနေပိုင်းက(၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး (၂၀၀) ပထမအကြိမ် စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့သည် အောက်စီဂျင်အိုးများအား မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်၊ကြက်ခြေနီနှင့်လူမှုရေးအသင်းအဖွဲ့များမှ စနစ်တကျထားရှိဆောင်ရွက်နေမှုအား ကြည့်ရှုအား
ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊အဆိုပါ၀န်းအတွင်း အောက်စီဂျင်စက်ရုံတည်ဆောက် ပြီးစီးမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်ရက်လျှင် အောက်စီဂျင် (၄၀)လီတာအိုး အလုံး(၃၀၀) ထွက်ရှိသည့်စက်(၁)လုံးနှင့်အောက်ဆီဂျင်(၄၀ ) လီတာအိုး အလုံး (၁၀၀) ထွက်ရှိသည့် စက် (၃)လုံးဖြင့် တိုင်းဒေသကြီးအတွင်းရှိပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိရေးစီမံဆောင်ရွက်လျက်ရှိရာ စေတနာ ရှင် ပြည်သူများအနေဖြင့် (၄၀)လီတာဆံ့ အောက်အာက်ဆီဂျင်အိုး(၁)အိုးလျှင် အလှူငွေ (၂၅၀၀၀၀/-) ကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်း သိရသည် ။