မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်း အဝေးကို ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးတပ်နယ်မှူး၊ တပ်မ(၈၈) တပ်မ မှူးနှင့် မကွေးလေတပ်စခန်း ဌာနချုပ်မှူးတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးတင့် လွင်က မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အောက်ခြေမှ လိုအပ် ချက်များ ယခုထက်ပို၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကောင်စီဝင်(၅)ဦးတို့အား ခရိုင်များ အလိုက် ခွဲဝေတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ကော်မတီများ အနေဖြင့် မိမိ ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ Test Kit ဖြင့် စစ်ဆေးမှု၊ရောဂါပိုးတွေ့ရှိသူများအား စင်တာများတွင် ထားရှိနိုင်ရေး ဆောင်ရွက်မှု၊ ထိစပ်သူများအား သီခြားထားရှိနိုင်ရေးဆောင်ရွက်မှု၊ ရောဂါပိုး တွေ့ရှိသူ များအတွက် လိုအပ်သော ဆေးဝါးများ ဦးစားပေးနိုင်ရေး၊ စင်တာများတွင် တက်ရောက် ကုသနေသော လူနာများအတွက် ထောက်ပံ့ကာကွယ်ရေးပစ္စည်းများဖြစ်သည့် Mask ၊ Face Shield ၊လက်အိတ်၊ လက်သန့်ဆေး၊ death body သယ်ဆောင်သည့်အိတ်များ ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ထားနိုင်ရေး အခြေအနေများအား လည်းကောင်း၊ ကူညီဆောင်ရွက်ပေးနေကြသည့် လူမှုကူညီရေးအဖွဲ့အစည်းများ၊ Volunteer များအား အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်ချက်များအား ဖြည့်စွက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌက တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက် သွားကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။