မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးခရိုင်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ ပြည်သူ များနှင့် ဝန်ထမ်းများအားကာကွယ်ဆေး ထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မကွေးခရိုင်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ ပြည်သူ များနှင့် ဝန်ထမ်းများအားကာကွယ်ဆေး ထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မကွေး ဇူလိုင် ၂၇

မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေးများ ထိုးပေးနိုင်ရေးအတွက် ယနေ့နံနက်(၁၁) နာရီအချိန်က မကွေးမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် မကွေးခရိုင်၊ ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မကြာမီရောက်ရှိမှာဖြစ်ပြီး ဆေးရောက်ရှိပါက ဆေးထိုးရန်ကျန်ရှိနေတဲ့သူများကို အချိန်နှင့်တစ်ပြေးညီ ဆေးထိုးပေးနိုင်ရေး စာရင်းများကြိုတင်ပြုစုထားရန်နှင့် ပြည်သူများကျန်ရှိမှုမရှိစေရေး ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့အစည်းများ၊စက်ရုံအလုပ်ရုံများမှတာဝန်ရှိသူအားလုံးပူးပေါင်းပါဝင်၍ စာရင်းကောက်ယူပေးရန်လိုအပ်ကြောင်းနှင့်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေးပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆေးထိုးရာတွင် "မကွေးခရိုင်အတွင်းရှိ မြို့နယ်အလိုက် အသက် (၆၅)နှင့်အထက်ရှိသူများကို ပထမဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ Volunteer / ပရဟိတအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများရှိ ဝန်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်းများနှင့် Super Market နှင့် ဈေးများရှိ ဝန်ထမ်းများကို ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်‌ေကြာင်း၊ကိုဗစ်-၁၉ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများကို ကာကွယ်ဆေးထိုးနှံပေးမည် မဟုတ်ဘဲ (၁)လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူများကို (၁)လကျော်မှသာ စာရင်းပေးသွင်းပြီး ကာကွယ် ဆေးထိုးနှံပေးသွားမှာ ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံး (၁၀၀၀၀၀)ရောက်ရှိမည်ဖြစ်ရာ ကာကွယ်ဆေး ထိုးရာတွင် ပြည်သူများလွယ်လင့်တကူထိုးနိုင်ရေးအတွက် မကွေးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန(၁)နေရာ၊မကွေးမြို့နယ် စုပေါင်းရုံးတွင် (၂)နေရာ၊တိုင်းဒေသကြီးအမျိုး သမီးရေးရာအဖွဲ့ရုံးတွင်(၁)နေရာနှင့် အ.ထ.က(၃) ကျောင်းတွင်(၁)နေရာ စုစုပေါင်း (၅) နေရာ စီစဉ်ဆောင်ရွက်ထားပြီး ခရိုင်အတွင်းရှိ ကျန်မြို့နယ်များတွင် အနည်းနေရာ(၃)နေရစီ စီစဉ်ဆောင်ရွက်ထားရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများ အမြန်ထိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကာ ဆေးရောက်ရှိပါက ဆေးထိုးရမည့်နေ့ရက်အား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း