မကွေးတိုင်းဒေသကြီး သဘာ၀ဘေးအန္တ ရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က မိမိတို့အနေနဲ့ ကိုဗစ်-၁၉ အတွက် အလုပ်များနေသော်လည်း မိုးရာသီမှာကျရောက်နိုင်တဲ့ သဘာ၀ဘေးများအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အားလုံးဝိုင်း၀န်းဆွေးနွေးပေးကြဖို့ အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။