မကွေး သြဂုတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် သြဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးဝင်းရှိန် နှင့်အတူ မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘွားဆောင် မျက်နှာကျက်၊ ကြမ်းခင်း နှင့်Toilet များအား ကမုတ်ထိုင်များ ပြောင်းလဲဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ပြီး၊အဘိုးအဘွားများအား ကျန်းမာရေး အခြေအနေများ မေးမြန်းကာ တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဆင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ယာဉ်ရပ်နားကွင်း တည်ဆောက် နေမှု အခြေအနေအား ကြည်ရှုစစ်ဆေးပြီး မြေနီကျောက်စရစ်များ စနစ်တကျ ခင်းကျင်းဆောင်ရွက်ရန် နှင့် တိုင်းဒေသကြီးပြည်သူ့ဆေးရုံ ဆိုင်းဘုတ်အား မီးဆလိုက်များဖြင့် ဆောင်ရွက်ရန် မှာကြားကာ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့ပြီး ပြင်ပလူနာဌာနအား အတွင်းဘက်၌ ပြန်လည်ဖွင့်လှစ်ရန် မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ အေးချမ်းစွာ အပန်းဖြေ လေညှင်းခံ နားနေစားသောက်နိုင်ရန် မြို့အင်္ဂါရပ်နဲ့အညီ ဆောက်လုပ်လျက်ရှိသော ကမ်းနားလမ်းညဈေး ဆောက် လုပ်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လက်ရှိဆောက်လုပ်နေမှု လုပ်ငန်း အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။