မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား လိုက်လံကြည့်ရှု

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား လိုက်လံကြည့်ရှု

မကွေး ဩဂုတ် ၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်သည် သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာကိုကိုနိုင်တို့ လိုက်ပါကာ မကွေးမြို့၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ မွေးမြူရေးဇုန်သို့ ရောက်ရှိပြီး ဥစားကြက် မွေးမြူ ထားရှိမှု အခြေအနေ၊ DYL ဝက်မွေးမြူထားရှိမှုနှင့် နို့စားနွားမွေးမြူ ထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူမှ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ၎င်းတို့ခြံမှ ထွက်ရှိသည့် ကြက်ဥ များကို မိမိတို့ တပ်ဖွဲ့ဝင်မိသားစုများအား ထောက်ပံ့ပေးသည့် အပြင် ပြင်ပသို့လည်း ကြက်ဥ(၁)လုံး လျှင်(၁၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အတွက် ကြက်ဥလိုအပ်မှုကို တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့ အနေဖြင့် ငွေနှင်းမှို စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ဆောင်ရွက် လျက်ရှိပြီး တိရစ္ဆာန်များအတွက် အစားအစာ ထုတ်လုပ်နိုင်ရန်အတွက် စက်ရုံတည် ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က စက်ဝယ်ယူကုန်ကျမည့် ငွေကျပ်သိန်း(၁၂၀)အား ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် မကွေးလေတပ်စခန်းဌာနချုပ် မွေးမြူရေးဇုန်နှင့် စိုက်ပျိုးဇုန်သို့ရောက်ရှိခဲ့ပြီး ဥစားကြက်များ မွေးမြူထားရှိမှု အခြေအနေ၊ နို့စားနွားနှင့် ဆိတ်မွေးမြူထားရှိမှု အခြေအနေများနှင့် ရာသီသီးနှံများ၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ရာ လေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းက လိုက်လံ ရှင်းလင်းပြသခဲ့ပြီး၊ ရှင်းလင်း ပြသခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိရစ္ဆာန်များ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် အတွက် ပိုးသတ်ဆေးဖြန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်ရန်နှင့် အဆိုပါလုပ်ငန်း များအတွက် တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးရန်၊ အစားအစာ လိုအပ်မှု၊ ဆေးဝါးလိုအပ်မှုများနှင့်ပတ်သက်၍လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း