ဩဂုတ် ၆
မကွေးတိုင်းဒေသကြီးအစိုရအဖွဲ့ ၀န်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူးမြို့၊ ဦဩဘာသခန်းသို့ ရောက်ရှိပြီး အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှု၍ ဆေးထိုးလာပြည်သူများအား ရင်းနှီးစွာ နှုတ်ဆက် အားပေးကာ အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရမည့်သူများ ကျန်ရှိမှု မရှိစေရေး အထူး အလေးထား ဆောင်ရွက်ပေးကြရန် မှာကြားဆောင်ရွက်ခဲ့သည်။