မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် Oxygen Plant တည်ဆောက်မည့်နေရာသို့ အောက်စီဂျင်စက်ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် Oxygen Plant တည်ဆောက်မည့်နေရာသို့ အောက်စီဂျင်စက်ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

မကွေး သြဂုတ် ၇

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှာယူထားသည့် Oxygen Plant မှာ ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ ကုန်တင်ကားကြီးကွင်း အတွင်းရှိ Oxygen Plant တည်ဆောက် မည့်နေရာသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး အောက်စီဂျင်စက်ရောက်ရှိမှု အခြေအနေနှင့် ဝန်ချီစက် ဖြင့် သယ်ချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးတပ်ဆင် အသုံးပြု နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အဆိုပါ အောက်စီဂျင်စက်မှာ တစ်ရက်လျှင် (၄၀) လီတာအိုး အလုံး (၃၀၀) ခန့် ထွက်ရှိမည်ဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်နိုင်ရေးအတွက် လိုအပ်လျက်ရှိသော အောက်စီဂျင် လိုအပ်မှုများ ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည့်အပြင် တစ်ရက်လျှင်(၄၀)လီတာအိုး(၁၀၀)ခန့် ထွက်ရှိ မည့် Oxygen Plant များမှာလည်း မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး ၏ အောက်စီဂျင် လိုအပ်ချက်များကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း