မကွေး သြဂုတ် ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ပွင့်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ အုပ်စုအလိုက်ထိုးနှံပေးရမည့်သူများ ကျန်ရှိမှုမရှိစေရေးနှင့် သတ်မှတ်ရက်အတွင်း ထိုးနှံပြီးစီး အောင် ဆောင်ရွက်ကြရန် မှားကြားခဲ့ပြီး ကာကွယ်ဆေးထိုးရန်လာရောက်သူများကို ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို၊ ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ လုပ်ငန်းဆောင်ရွက်ချက်တင်ပြချက်များ အပေါ် လိုအပ်သည်များမှာကြားကာ ပွင့်ဖြူမြို့နယ်တွင် တစ်ရက်လျှင် အောက်စီဂျင်(၄၀) လီတာအိုး (၂၀၀)ထွက်ရှိသည့် Oxygen Plant (၁)လုံး တပ်ဆင်ပေးမည်ဖြစ်၍ မြေနေရာ၊ အဆောက် အဦနှင့် မီးရရှိရေးတို့အား မြို့မိ၊ မြို့ဖများ၊ ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရန်မှာကြား၍ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် ငွေကျပ်(၇၅)သိန်း၊ အထောက်အကူပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၊ Hand Gel၊ Maskနှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတဆင့် ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် Positive Center သို့သွားရောက်ခဲ့ပြီး လူနာများအတွက် အဟာရဖြည့်စွက်စာများဖြစ်သော ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ဆေးဝါးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမျိုးသန့်ခြံ၏ သီးနှံကွဲအလိုက် မျိုးစေ့ ထုတ်စိုက်ပျိုးပြီးစီးမှု အခြေအနေ၊ မျိုးစပါးသန့်စင်စက်၊ မျိုးစပါးအခြောက်ခံစက်အား ကြည့်ရှု စစ်ဆေးခဲ့ပြီး မျိုးသန့်ခြံ အစည်းအဝေးခန်းမတွင် စပါးစိုက်တောင်သူများ၊ စပါးကုန်သည်များနှင့် တွေ့ဆုံကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် အထွက်တိုးရန်အတွက် ဝန်ထမ်းတစ်ဦး ချင်းစီကို(၁)ဧကစီ တာဝန်ပေး၍ ဆောင်ရွက်ရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။