မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး အစိုရအဖွဲ့ ၀န်ကြီးချုပ် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး အစိုရအဖွဲ့ ၀န်ကြီးချုပ် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေး ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/ ၂၀၂၁) ကို ဩဂုတ် ၁၂ ရက် ယနေ့မွန်းလွဲ(၁) နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို အဖွဲ့ဝင် (၂၆) ဦးဖြင့် ၂၀.၅.၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ဆောင်ရွက်ရမည့် အချက်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွက် ယာဉ် ယန္တရားများ၊ အထောက်အကူပြုပစ္စည်းကိရိယာများ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ရန် ရှိသဖြင့် လက်ရှိ အခြေ အနေနှင့် လိုအပ် ချက် ရှိပါက တင်ပြရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှာလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ အဆင့်ဆင့်ဖွဲ့ စည်းနိုင်ရေးကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုကာလမှာ ရေဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် မိုးရာသီ ဖြစ်တာကြောင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ လျှပ်တပြက်ရေဘေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူတဲ့ ဒေသများကို ဖော်ထုတ်ပြီး ရေဘေးအန္တရာယ် တုံ့ပြန်နိုင်ရေးအတွက် ဌာနအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားကြဖို့၊ ဆည်၊ တာတမံများ၏ ကြံခိုင်မှုများမှာလည်း သဘာဝ ဘေးနှင့် ဆက်စပ်နေတဲ့အတွက် လိုအပ်ချက်ရှိ မရှိ စစ်ဆေးဆောင်ရွက်ကြဖို့၊ မိုးကြီးပါက ဖြစ်ပေါ်လာနိုင်သော ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း၊ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အဆင်သင့်ဖြစ်စေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီမှူးမှ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း စီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များအလိုက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း