မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မကွေး သြဂုတ် ၁၅

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး အစည်း အဝေး၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးဦးစီးမှူး ရုံးအောက်ရှိ ခရိုင်၊မြို့နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ လက်ထောက်ညွှန်ကြား ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ပန်းခင်းစီမံချက်ကာလအတွင်း ပြည်ထောင်စုဝန်ကြီး၏ ချမှတ်ထားတဲ့ သတ်မှတ်အရေအတွက် ပြည့်မီအောင် အထူးကြိုးစားဆောင်ရွက် လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ လုပ်ပေးသည့်အချိန်များမှာလည်း အမှန်တကယ်လုပ်ပေးထိုက် လုပ်ပေးသင့်သည့် သူများကို လုပ်ပေးသင့်ကြောင်း၊ပန်းခင်းစီမံချက်ကို ပြည့်ပြည့်၀၀ သတ်မှတ်ထားသည့် အရေ အတွက် ပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က နိုင်ငံနှင့် အနာဂါတ်အတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် နိုင်ငံသားတစ်ဦးချင်းစီ အနေဖြင့် နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ခွင့် ရရှိစေရေး တို့အတွက် မိမိတို့ဝန်ကြီးဌာနမှတာဝန်ရှိပါကြောင်း၊အဓိက အကောင်အထည်ဖော် လုပ်ဆောင် ရမည့်သူမှာ မြေပြင်မှာရှိတဲ့ မြိုနယ်ဦးစီးမှူး၊ ခရိုင်ဦးစီမှူးများပင်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ဝယ် ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ တက်ရောက် လာကြသည့် ခရိုင်၊ မြို့နယ်ဦးစီးမှူးများက တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက်ဆောင် ရွက်သွားမည့် အစီအမံများအား တင်ပြဆွေးနွေးခဲ့မှုများအပေါ် တာဝန်ရှိသူတို့က ပေါင်းစပ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း