မကွေး သြဂုတ် ၁၆
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးနှင့် မကွေး တပ်နယ် မှူးတို့ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် Sky Home ကုမ္ပဏီမှ အောက်စီဂျင်စက် တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။