မကွေး သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ အောက်လံမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ နံနက် ၁၀ နာရီအချိန်တွင် ရောက် ရှိခဲ့ပြီး ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် တွေဆုံ၍ အောင်လံမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်းနှင့် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါအား တစ်ဖြည်းဖြည်း လျော့နည်း ရပ်တန့်သွားအောင် အဖက်ဖက်မှ ကြိုစားဆောင်ရွက်နေပါကြောင်း၊ ကာကွယ် ဆေးများကိုလည်း ရရှိမှုပေါ်မူတည်ပြီး မြို့နယ်အလိုက် ခွဲဝေပေး လျက်ရှိပြီး အုပ်စုအလိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများအတွက် လိုအပ်နေသော အောက်စီဂျင်များ အပြည့်အဝရရှိရေးအတွက် ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ မကွေးမြို့၊ ကားကွင်းအတွင်းတည်ဆောက်ပြီးစီးသည့် အောင်စီဂျင်စက်မှာလည်း စပ်းသပ် လည်ပတ်လျက် ရှိနေပြီဖြစ်ပြီး ထွက်ရှိမှုပေါ် မူတည်ကာ ခွဲဝေသတ်မှတ်ဖြန့်ဝေ ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အောင်လံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ကုသဆောင်ရွက်ပေးနေမှု အခြေ အနေများနှင့် ဆေးဝါးနှင့် အထောက် အကူပြုပစ္စည်း လိုအပ်ချက်များအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ပြီး ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၇၅)သိန်း နှင့် အထောက်အကူပြုပစ္စည်းများဖြစ်သော PPE, Hand Gelနှင့် Mask များထောက်ပံ့ပေး အပ်ခဲ့သည်။