မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်တော်၊ ဆီ၊ပဲ၊ကြက်သွန်၊ဆားများ ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်တော်၊ ဆီ၊ပဲ၊ကြက်သွန်၊ဆားများ ဆက်ကပ်လှူဒါန်း

ပခုက္ကူ ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်) တိုက်ကြီး၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ပဲ၊ ကြက်သွန်၊ဆားနှင့်အာလူးတို့ကို ဩဂုတ် ၁၉ရက် နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းသည်။

အဆိုပါဆက်ကပ်လှူဒါန်းမှုကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားရှိခိုးကန်တော့၍ ဖွင့်လှစ်ပြီး ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ၊ မဟာဝိသုတာရာမ(အလယ်)တိုက်ကြီး၏ တိုက်အုပ်နာယကဂဏဝါစက စာချဆရာတော် အဂ္ဂမဟာပဏိတ ဘဒ္ဒန္တအရိယာဝံသ အရှင်သူမြတ်ထံမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်အမှုပြုသော ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဝန်ကြီးက ဆရာတော်များထံ ဆွမ်းဆန်တော်၊ဆီ၊ပဲများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချတရားနာယူ ကြသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် သာသနာ့ဝိပုလ္လာရာမ(အနောက်တိုက်)၊ ဗောဓိမဏ္ဍိုင်ပရိယတ္တိစာသင်တိုက်၊ ဆုကြီးပန်ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ဆီ၊ပဲ စသည့်ဝတ္တုပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့်စာသင်တိုက် ရှစ်ကျောင်းရှိ သံဃာတော်နှင့်သီလရှင်အရေအတွက် ၆၄၈ ပါးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် ၂၁၆ အိတ်၊ ဆီ ၃၂၄ ပိဿာ၊ပဲ၃၂၄ ပိဿာ၊ကြက်သွန် ၆၄၈ ပိဿာ၊ အာလူး ၆၄၈ ပိဿာ နှင့် ဆား ၉၀ ပိဿာတို့ကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များလိုက်ပါပြီး ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံးဝန်းအတွင်း အောက်ဆီဂျင် Plant တည်ဆောက်မည့်နေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက အောက်ဆီဂျင် Plant တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေ၊ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကိုဗစ်-၁၉ရောဂါကြောင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်သူများနှင့် ဆေးရုံတက်ရောက်ကုသသည့် လူနာများမှ အရေးပေါ်အောက်ဆီဂျင်ပေးရမည့် လူနာများအတွက် အချိန်မီဆောင်ရွက်မည့်အခြေအနေနှင့် နေ့စဉ်ဆောင်ရွက် ပေးနိုင်သည့်ပမာဏအကြောင်းတို့ကို ရှင်းလင်းပြောကြားရာ ဝန်ကြီးက လိုအပ်သည်များနှင့်အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊စံပြကိုင်းကျေးရွာရှိ အသားစားကြက် (၃၀၀၀၀)ကောင်အထိ မွေးမြူထားသည့် ကြက်ခြံမွေးမြူရေးလုပ်ငန်းအခြေအနေကို ကွင်းဆင်းကြည့်ရှုကြရာ ကြက်ခြံပိုင်ရှင် ဦးကျော်ဇေယျက ကြက်မွေးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့်သက်တမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အသားစား ကြက်မွေးမြူနေသည့်အခြေအနေ၊ ကြက် (၃၀၀၀၀)ကောင်အထိ မွေးမြူလုပ်ကိုင်နိုင်ရေးအတွက် စုစုပေါင်းအရင်းအနှီး ကုန်ကျစရိတ်၊ နှစ်စဉ်အမြတ်ရရှိနေသည့်အခြေအနေနှင့် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားလာမှုကြောင့် ကြက်ခြံမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ပြဿနာများအကြောင်းတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်သည့် မွေးမြူရေးဆိုင်ရာနည်းပညာများ ပေါင်းစပ်ကူညီပေးမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း