မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ မကွေးကမ်းနားလမ်း ညဈေးတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ မကွေးကမ်းနားလမ်း ညဈေးတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေး ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသန့်ရှင်းသာယာ လှပရေးအတွက် ယနေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မကွေးမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ ဆေးရုံ ဝန်ထမ်းများ၊ စည်ပင်သာယာ ရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ ဆေးရုံဝင်းအတွင်း ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းပင်များ ရှင်းလင်းခြင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က လှည့်လည်ကြည့်ရှု အား ပေးကာ အဆိုပါသန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ငွေကျပ် (၁၅၀၀၀၀/ိ-) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် အသီးသီး ဆောင်ရွက်လျက်ရှိပြီး၊ အပတ်စဉ် စနေ့နေ့တိုင်း ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် အလှည့်ကျ စုပေါင်းသန့်ရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ ကမ်းနားလမ်းတွင် တည်ဆောက်လျက်ရှိသည့် ညဈေးတည်ဆောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မှီစွာဖြင့် သတ်မှတ် ကာလပြီးစီးရေးနှင့် တည်ဆောက်ရေးတာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ အေးချမ်းစွာ အပန်းဖြေ လေညှင်းခံ နားနေ စားသောက်နိုင်ရန် မြို့အင်္ဂါရပ်နဲ့အညီ ကမ်းနားလမ်းညဈေးကို တည်ဆောက်လျက်ရှိပြီး ညဈေး တည်ဆောက်ခြင်းကို(၂၉.၆.၂၀၂၁)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး(၃၀.၉.၂၀၂၁)ရက်နေ့ တွင် ပြီးစီးတည်ဆောက်သွားမည်ဖြစ်ကာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၂၀၀)သန်းဖြင့် လုပ်ငန်းစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း