မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေး ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေ သကြီးအတွင်းရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask အခုရေ(၅)သန်းအား ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် မကွေးမြို့ပေါ်တွင် ပိုးတွေ့လူနာများ လျော့နည်း လာပြီဖြစ်သော်လည်း အချို့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် နှာခေါင်းစည်း Mask တပ်ဆင်မှု အားနည်းခြင်းကြောင့် ပိုးတွေ့ရှိမှုနှုန်းမြင့်မားလျက်ရှိပြီး၊ ပိုးတွေ့ရှိမှုနှုန်းလျော့ချ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း Mask ဗူး(၁)သိန်း၊ အခုရေ(၅)သန်း အား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ တဆင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြို့နယ်အသီးသီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆက်စပ် ပစ္စည်းများ ဖြန့်ဝေထုတ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရ သတင်း