မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်(၄)မျိုးနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်(၄)မျိုးနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်

မကွေး သြဂုတ် ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း အခြေခံလူတန်း စားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စု အေးမြသာယာရွာနှင့် ချမ်းမြေ့သာယာ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၉၀၆)စုတို့အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အခြေခံစားသောက်ကုန် (၄)မျိုးနှင့် နှာခေါင်းစည်း Mask များ အသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ပိုင်းက မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရ သွင်ကိုကို၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အမှတ် (၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ကျော်ဟန်၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ မကွေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါကာ မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စု အေးမြသာယာရွာရှိ မဟာဓမ္မဇေယုံကျောင်း ဆရာတော် အရှင် သူမြတ်တို့အား လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၃၉၄)စုတို့အား တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ကြက်ဥ(၁၀) လုံး၊ ခေါက်ဆွဲခြောက် (၅) ထုတ်နှင့် Mask(၁၀)ခု တို့အား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေသာယာ ရပ်ကွက်ရှိ ချမ်းမြေ့ ရိပ်သာကျောင်း ဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ ပြီး အခြေခံလူတန်းစား အိမ်ထောင်စု(၅၁၂)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ခေါက်ဆွဲခြောက်(၅)ထုတ်နှင့် Mask(၁၀)ခု တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်သူများမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိ ကြောင်းနှင့် အခက်အခဲဖြစ်ပေါ်နေချိန်တွင် ထောက်ပံ့ပေးမှုအတွက် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် မြို့နယ် များရှိ ကျေးရွာများအရောက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ အခမဲ့စစ်ဆေး ဆောင်ရွက်ခြင်း၊ ရပ်ကွက်/ကျေးရွာများတွင် ပိုးတွေ့ရှိမှုနှုန်းလျော့ချ ကာကွယ်နိုင်ရန်နှင့် Mask တပ် သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန် Mask Campaign များပြုလုပ်၍ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ တစ်ဆင့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုများအား တစ်အိမ်လျှင် Mask(၁၀)ခုနှုန်းဖြင့် Mask(၅)သန်းကို အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေကာ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း