မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချ၊ ထိန်းချုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချ၊ ထိန်းချုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်

မကွေး သြဂုတ် ၃၁

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချ ထိန်းချုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဒုတိယအကြိမ် ကိုဗစ်ကာကွယ် ဆေး ထိုးနှံနိုင်ရေး ခွဲဝေထုတ်ပေးပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးလက်ခံရရှိမှုမှာ (၃၀၆၇၇)လုံးဖြစ်၍ ကာကွယ်ဆေးထိုးနိုင်မည့် လူဦးရေ(၆၇၇၄၅)ဦးဖြစ်ကာ တိုင်းဒေသကြီးအတွင်း(၇၉)နေရာမှာ အဖွဲ့ (၈၀)က ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့အထိ(၁၂၂၆၁)ဦး ထိုးနှံပြီးဖြစ်လို့ (၁၈.၁၀%)ရာခိုင်နှုန်း ထိုးနှံပြီး ဖြစ်ကြောင်း၊ တိုးဒေသကြီးအတွင်းရှိ ကျေးရွာများသို့ Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ လှည့်လည်စစ်ဆေးမှုများအရ သြဂုတ်လ ၃၀ ရက်နေထိ ရပ်ကွက်/ကျေးရွာ(၁၈၉)ခုမှာ လူဦးရေ (၉၆၅၆)ဦး စစ်ဆေးပေးခဲ့ရာ(၅၉၈)ဦးမှာ ပိုးတွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်ပိုး ကူးစက်မှု လျော့နည်းပပျောက် စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများ ကျန်ရှိမှုမရှိစေရေး ဝိုင်းဝန်းနှိုးဆော်ကာ ဆောင်ရွက်ကြစေ လိုကြောင်း၊ စားသောက်ရေး ခက်ခဲမှုရှိတဲ့ ရပ်ကွက်/ကျေးရွာများက အခြေခံလူတန်းစား အိမ်ထောင် စုများကိုလည်း တိုင်းအစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ် လူနာများ အောက်စီဂျင် လိုအပ်မှုအတွက် မိမိတိုင်းဒေသကြီးသို့ ပထမဆုံးရောက်ရှိလာသော Oxygen Plant များမှာ စတင်လည်ပတ် ထွက်ရှိနေပြီ ဖြစ်သည့်အပြင် တိုင်းဒေသကြီး ပြည်သ့ူ ဆေးရုံကြီးသို့ ထပ်မံရောက်ရှိလာသည့် Oxygen Plant မှာ တပ်ဆင်ဆောင်ရွက်နေပြီဖြစ်၍ မကြာမီ ရက်ပိုင်းမှာ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ လူနာများအတွက် အောက်စီဂျင်လိုအပ်မှုကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ လက်ရှိမှာ သက်ဆိုင် ရာ မြို့နယ် အသီးသီးမှ ဆေးရုံများသို့ Oxygen အိုးများကို ဖြန့်ဝေပေးပို့နေပြီဖြစ်ကြောင်း စသည်ဖြင့် ပြောကြား သည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင် များနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သောင်းလှိုင်တို့မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေ အနေများနှင့် ပတ်သက်၍ အသီသီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးတင်ပြခဲ့မှုများနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌက တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် မှာကြား ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရ သတင်း