မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အ ရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အ ရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၇/၂၀၂၁)ကို စက်တင်ဘာ လ ၇ ရက်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး နှင့် မကွေး တပ်နယ်မှူးတို့ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်မှာကြားသည်။

ရှေးဦးစွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အောက်ခြေမှ လိုအပ်ချက်များကို ပိုမို၍ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့တဲ့ အတွက် ကိုဗစ်ပိုးကူးစက်မှုကို အထိုက်အလျှောက် ထိန်းချုပ်လျော့ချနိုင်ခဲ့ကြောင်း၊ တိုင်းဒေ သကြီးအတွင်း မြို့နယ်အသီသီးမှာ အောက်စီဂျင်ထုတ်သည့်စက်(Oxygen Plant)များ တည် ဆောက်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကျပ်သိန်းပေါင်း(၂၀၀၀၀)ကျော် အကုန်အကျခံ ပံ့ပိုးကာ ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းမှု ဖြင့် ချောက်မြို့မှာ တည်ဆောက်လျက်ရှိသည့် Oxygen Plant မှာ တစ်နေ့လျှင် အောက်စီဂျင် ၄၀ လီတာအိုး အလုံး(၂၄၀)ထွက်ရှိမည်ဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ခွဲဝေဖြန့်ဖြူးပေး နိုင်တော့မှာဖြစ်ကြောင်း၊ အလားတူ မင်းဘူးမြို့မှာ တည်ဆောက်မည့် တစ်နေ့လျှင် အောက်စီ ဂျင် ၄၀ လီတာအိုး အလုံး (၂၀၀)ခန့်ထွက်ရှိမည့် Oxygen Plant ဟာ စက်တင်ဘာ ၆ ရက် မနေ့က မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ပြီး တပ်ဆင်ဆောင်ရွက်လျက်ရှိပြီးတော့ ငဖဲမြို့မှာ တည်ဆောက် တပ်ဆင်ရန် မှာယူထားသည့် အောက်စီဂျင်စက်မှာလည်း ယခုရက်ပိုင်းအတွင်း ရောက်ရှိလာတော့မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ လူနာများနှင့် ပြည်သူ များအတွက် အောက်စီဂျင် လိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း ပိုမိုလျော့နည်း ကျဆင်းလာစေရေးအတွက် မြို့နယ်များ အတွင်း Stay At Home အစီအစဉ်နှင့် ယခုထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များကို ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီ ဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့ကကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပတ်သက်၍ အသီသီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ မကွေး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်ချက်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဖြည့်စွက် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးပြီး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အရှိန် ရလာတာနဲ့အမျှ အတိုင်းအတာတစ်ခုအဖြစ် လျော့ချထိန်းချုပ် နိုင်ခဲ့ပြီဖြစ်၍ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက် သွားကြဖို့ မှာကြားဆောင်ရွက်ခဲ့သည်။

 

 

 

နောက်ဆုံးရ သတင်း