မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် တရားမ၀င်ကုန်စည်စီးဆင်မှု ထိန်းချုပ်တားဆီးရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ လ ၂၈ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း အဖွင့်အမှာစကားပြောကြားပြီး၊စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်က တရားမ၀င်ကုန်စည်စီးဆင်မှု ထိန်းချုပ်တားဆီးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကာ၊တက်ရောက်လာသည့် တပ်ဖွဲ့/ ဦးစီးဌာနများက ဆွေးနွေးတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။