မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေး၊ ပခုက္ကူ၊ သရက်နှင့် အောင်လံမြို့တို့တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  မကွေး၊ ပခုက္ကူ၊ သရက်နှင့် အောင်လံမြို့တို့တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး တက်ရောက်

မကွေး စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၈ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေး၊ ပခုက္ကူ၊ သရက်နှင့် အောင်လံမြို့တို့တွင် မြို့ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြား သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးမြို့ အနေဖြင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ မြို့ပြဘက်စုံဖွံ့ဖြိုးတိုးတက်သာယာလှပရေးအတွက် တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ အဖွဲ့က စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ မြို့ရေစီးရေလာစနစ်ကောင်းမွန်ရေး၊ အဓိကကျတဲ့ မြို့တွင်းလမ်း များအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ ရပ်ကွက်လမ်းသွယ်များကိုလည်း စည်ပင်နှင့်ပြည်သူ ပူးပေါင်း၍ ကွန်ကရစ်လမ်းများအဖြစ် လုပ်ဆောင်နိုင်ရေး စီမံကိန်းများ ရေးဆွဲချမှတ်ကာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုသိသာထင်ရှားစေဖို့ ယာဉ် သွားလမ်း၊ လူသွားလမ်းများ သတ်မှတ်နေရာတကျဖြစ်စေရန်၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန် Public Area ပိုမိုများပြားလာစေရန်နှင့် မြို့သပ်ရပ်သန့်ရှင်းလှပစေရန်တို့ကို အဓိကထား လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မြို့ပြဘက်စုံ ဖွံ့ဖြိုးတိုးတက်သာယာလှပရေးအတွက် အကြံပြု ဆွေးနွေးတင်ပြခဲ့ပြီး၊ မကွေး၊ ပခုက္ကူ၊ သရက်နှင့် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ ကြသည်။

ယင်းနောက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် လျာထားစီမံချက်များ တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ၊ တာဝန်ကျတဲ့ ဒေသမှာ ဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် အစီအမံများကို တင်ပြခဲ့တာ အင်မတန်ကောင်းမွန်ကြောင်း၊ ကျေးဇူးတင် ဂုဏ်ယူပါ ကြောင်း ရှေ့ဆက်ပြီးလည်း ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း