မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အမှတ်စဉ်(၃၃/၂၀၂၁) အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အမှတ်စဉ်(၃၃/၂၀၂၁) အစည်းအဝေး တက်ရောက်

မကွေး စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၃/၂၀၂၁)ကို စက်တင်ဘာလ ၃၀ ရက် ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန် အမှာစကား ပြောကြားသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အခြေ အနေမှာ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု လုံးဝပပျောက်သည်အထိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခုအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် လျာထားထိုးနှံမှုအရ ၉၆.၆၆% ရာခိုင်နှုန်း ထိုးနှံပြိီးစီးပြီဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ကော်မတီများ အနေဖြင့် ဆက်လက်ပြီး စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုလုပ်ဆောင် သွားကြရမှာဖြစ်ကြောင်း၊ အခြေခံ ပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ပြောကြား သည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း