မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်းလည်ပတ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်းလည်ပတ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်းလည်ပတ်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

ပွင့်ဖြူ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၂ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်နေမှုများနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည် စက်ရုံ လုပ်ငန်းလည်ပတ်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် လယ်ကိုင်း ကျေးရွာအုပ်စု ၊ လှည်းကြီးကျေးရွာရှိ ဒေသခံတောင်သူများ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မာရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးလယ်မြေ(၂၀)ဧက အကျိုးပြုမည့် ဆိုလာစနစ်အသုံးပြု စိုက်ပျိုးရေပေးဝေနေမှုများကို ကြည့်ရှုရာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုလုပ်ငန်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည်းကြီးကျေးရွာရှိ တောင်သူ ဦးခင်မောင်ထွန်း၏ မိုးစပါးစိုက်ခင်းအတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဒေသခံတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ ကွင်းအမှတ်(၉၁၀)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော သိပ္ပံနည်းကျ အထူးအထွက်တိုးစနစ်ဖြင့် မိုးစပါးစိုက်ခင်းဧက(၁၀၀) စံပြ ကွက်သို့ ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများကို ဆွေးနွေးပြောကြားပြီး စံပြကွက်မိုးစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ ကွင်းအမှတ် (၉၀၉)တွင် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မျိုးစေ့ထုတ်စိုက်ခင်းများတွင် ဆေးဖြန်းခြင်း ၊ မျိုးကွဲနုတ်ပယ်ခြင်း ၊ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဆင်းသုခစပါးစိုက်ခင်း သီးနှံရိတ်သိမ်းခြွေလှေ့နေမှုနှင့် ပေါ်ဆန်းနက်စပါးစိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဖူးပွင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် မျိုးစပါးအခြောက်လှမ်းသန့်စင်စက်ရုံသို့ ရောက်ရှိပြီး စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နေမှုများနှင့် အအေးခန်းအတွင်း မျိုးကောင်းမျိုးစေ့ သိုလှောင်ထိန်းသိမ်း ထားမှုများကို ကြည့်ရှုစစ်ဆေးရာ ဖူးပွင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မိုးခိုင် က တိုင်းဒေသကြီးအတွင်း စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေး နေမှုနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့၊ အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းတွင် စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ စက်ရုံလည်ပတ်နေမှုနှင့် အရည်အသွေးမြှင့် ချည်မျှင်ထုတ်လုပ်မှု တိုးတက် ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများအား ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း ချည်မျှင်ထုတ်လုပ်နေမှုအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း