မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်စံကျေးရွာရှိ လုံးသွယ်မွှေး မျိုးစပါးဧက(၁၀၀) စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်စံကျေးရွာရှိ လုံးသွယ်မွှေး မျိုးစပါးဧက(၁၀၀) စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါကာ (အောက်တိုဘာ ၂ ရက်) ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံ ကျေးရွာ၊ ကွင်းအမှတ် (၁၂၀၃) ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေတွင် စိုက်ပျိုးထားသော JASMINE-105 လုံးသွယ်မွှေး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) စိုက်ပျိုး ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် ဒေသခံ တောင်သူ (၂၇)ဦးနှင့်တွေ့ဆုံ၍ မျိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့် အခြေအနေများကို ဆွေးနွေးမေးမြန်ရာ ဒေသခံတောင်သူများမှ စိုက်ပျိုး မြေလယ်ဧက (၂၀၀)ကျော် တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် ရေမြောင်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးနိုင်းရေးကို ဝိုင်းဝန်းတင်ပြကြရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်မှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့သည်။

ကျောက်စံကျေးရွာတွင် ဖူးပွင့် မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမီတက်မှ JASMINE-105 လုံးသွယ်မွှေး မိုးစပါးမျိုးစေ့ထုတ် ကန်ထရိုက်စိုက်ခင်း ဧက (၁၀၀)ကို ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူ (၂၇)ဦး၏ လယ်မြေတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ၈ လက်မပတ်လည် ကောက်ကွက်စနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း