မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပခုက္ကူခရိုင်အတွင်း ချည်ထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ချည်ထည်လုပ်ငန်းရှင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပခုက္ကူခရိုင်အတွင်း ချည်ထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ချည်ထည်လုပ်ငန်းရှင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည်ရှုစစ်ဆေး

မကွေး အောက်တိုဘာ ၈

မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကိုတို့လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက

ပခုက္ကူ မြို့သို့ရောက်ရှိခဲ့ပြီး ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နရုံး အစည်းအဝေးခန်းမတွင် ပခုက္ကူ ခရိုင်အတွင်းရှိ မြို့နယ်များရှိ ချည်ထည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဒေသတွင်းချည်လိုအပ်မှုနှင့် ချည်ထည်လုပ်ငန်းရှင်များ၏ အခက်အခဲများဖြေရှင်းပေးနိုင်ရေး ရင်းနှီး ပွင့်လင်စွာဆွေးနွေးပေးကြရန် ပြောကြားရာ ချည်ထည်လုပ်ငန်းရှင်များက ပြည်ပမှတင်သွင်း လာသည့် ချည်များကို မန္တလေး၊မုံရွာမြို့ကြီးများမှတဆင့်ဝယ်ယူရကြောင်း၊ ယခုအခါ ချည်ဈေးနှုန်းမြင့်တက်လာ သောကြောင့် ဒေသတွင်းချည်မျိုးစုံလိုအပ်ချက်များ ဖြည့်ဆည်းပေးစေလိုကြောင်းနှင့် ဝါသီးနှံအပါအ၀င် အခြားသီးနှံမျိုးစုံဖြစ်ထွန်း အောင်မြင်စွာစိုက်ပျိုးလုပ်ကိုင်နိုင်ရေး စိုက်ပျိုးရေများဖူလုံစွာရရှိရေး ဆောင်ရွက် ပေးစေလိုကြောင်းနှင့် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကြီးကြပ်မှုအောက်ရှိ များနယ်များ၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ပြီး ချည်ထည်လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပခုက္ကူတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ဘက်စုံ ခန်းမတွင် ပခုက္ကူတက္ကသိုလ်မိသားစုဝင်များနှင့် တက္ကသိုလ် ရှိဝန်ထမ်းများနှင့်တွေ့ဆုံရာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ်သမိုင်း၊ ဝန်ထမ်း အင်အားစာရင်း၊ သင်ကြားပေးသည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်လင်းတင်ပြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ကျောင်းတွင်းသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပခုက္ကူပညာရေးဒီဂရီကောလိပ်တွင် တည်ဆောက်လျက်ရှိသည့်(၃)ထပ်စာသင်‌ဆောင် ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ကာ တည်ဆောက်ရေးကုမ္ပဏီ၏တာဝန်ရှိသူမှ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အမှတ်(၅)အထည်စက်ရုံ (ပခုက္ကူ)သို့ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စက်ရုံမှူး၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး စက်ရုံလည်ပတ်နေမှုနှင့် အရည်အသွေးမြှင့် ချည်မျှင်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများအား ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း ချည်မျှင် ထုတ်လုပ်နေမှု အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း