မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၃၃၉)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၃၃၉)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

မကွေး အောက်တိုဘာ ၁၉

နိုင်ငံတော်အစိုးရမှ သီတင်းကျွတ်အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် သစ်တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက် တစ်လမ်းမှ အကျိုးပြုနိုင်စေရန်နှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်စခန်း အသီးသီးမှ အကျဉ်းကျခံနေရသူ များအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုလျက်ရှိရာ မကွေးမြို့ ဗဟိုအကျဉ်းထောင်မှ ယနေ့ နံက်ပိုင်းမှစတင်၍ အကျဉ်းသား၊ အကျဉ်းသူ(၃၃၉)ဦးကို လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသား/ အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အစီအစဉ်ကို မကွေး ဗဟိုအကျဉ်း ထောင်တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/ အကျဉ်းသူများအား ဆုံးမဩဝါဒါစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်ရ အကျဉ်းသား/အကျဉ်းသူများအား အကျဉ်း ထောင်ရှိ တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးပြီးစီးသည့် လက်မှတ်များနှင့် ခရီးစရိတ်များ ထောက်ပံ့ ပေးအပ်ကာ အကျဉ်းထောင်မှ လွတ်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၁၉)အရ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အကျဉ်းသား/ အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခြင်းဖြစ်ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူအနေဖြင့် စုစုပေါင်း ( ၃၃၉)ဦးရှိးပြီး အမျိုးသား(၂၈၉)ဦးနှင့် အမျိုးသမီး(၅၀)ဦးရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း