မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်းသို့ တက်ရောက်မည့် ဆရာ/ဆရာမများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်းသို့ တက်ရောက်မည့် ဆရာ/ဆရာမများနှင့် တွေ့ဆုံ

မကွေး အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည်

ယနေ့နံနက် ၉ နာရီက မကွေးမြို့ အ.ထ.က(၁)ကျောင်းခန်းမ၌

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်းသို့ တက်ရောက်မည့် ဆရာ/ဆရာမများနှင့်‌ တွေ့ဆုံ၍ အမှာစကားများ ပြောကြား သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်း တက်ရောက်မည့် ဆရာ/ဆရာမများသည် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် စိတ်အား ထက်သန်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် နိုင်ငံတော်အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အခြေခံပညာ ဆရာ/ဆရာများအနေဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ရက်သတ္တပတ်(၅)ပတ်ကြာ အထူးမွမ်းမံသင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း၊ သိသင့်သိထိုက်သော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်း လာရောက်ကြမည် ဖြစ်သဖြင့် အသိမိတ်ဆွေများ၊ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးပွားလာမည်ဖြစ်ကြောင်း၊ သင်တန်းမှ ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း စည်းကမ်းတကျ လိုက်နာကြရန် လိုအပ်ကြောင်းနှင့် ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြဖို့ လိုအပ်ပါကြောင်း ပြောကြားကာ သင်တန်းတက်ရောက်မည့် ဆရာ /ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးသင်တန်း အမှတ်စဉ်(၆၇)သို့ အထက်တန်းပြ ဆရာ/ဆရာမ(၄)ဦး၊ အလယ်တန်းပြ ဆရာ/ဆရာမ(၁၈)ဦး၊ မူလတန်းပြ ဆရာ/ဆရာ(၄၂)ဦး၊ စုစုပေါင်း ဆရာ/ဆရာမ (၆၄)ဦး တက်ရောက်မည်ဖြစ်‌ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း