မကွေး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၃၀ ရက် .ယနေ့ နံနက် ၉ နာရီခွဲအချိန်က စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မကွေးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုသင်တန်းကျောင်းများ၊စက်ရုံ/အလုပ်ရုံများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုသင်တန်းကျောင်းများ၊ စက်ရုံ/အလုပ်ရုံများ အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီပံ့ပိုးမှု အစီအမံများနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။