မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ တက်ရောက်

မကွေး အောက်တိုဘာ ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခန့်အပ် သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက် ယနေ့ နံနက် ၈ နာရီက မကွေးမြို့ ပညာရေးဒီဂရီ ကောလိပ်၌ ကျင်းပရာ မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်၍ လမ်းညွှန် အမှာ စကား ပြောကြားသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယခုသင်တန်း ကို ဝန်ကြီးဌာနမှ စွဲကိုင်ကျင့်သုံးလျက်ရှိတဲ့ ဥပဒေများနှင့် ဦးစီးဌာနအလိုက် သက်ဆိုင်သော လုပ်ငန်း စဉ်များအား သေချာစွာ နားလည်သဘောပေါက်ပြီး လုပ်ငန်းကျွမ်းကျင်မှု ရှိစေရေးနှင့် လက်နက်မဲ့ စစ်ရေးပြကို လက်တွေ့လုပ်ဆောင်နိုင်ကာ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး ရည်ရွယ်ချက် ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ရှေ့ဆက်ပြီး ဝန်ထမ်းဘဝတစ်လျှောက် ဆက်လက်သင်ယူလေ့လာ ဆည်းပူး သွားရမှာဖြစ်ကြောင်း၊ ဝန်ထမ်းသစ်များဖြစ်တာနှင့်အညီ ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်များ/ တာဝန်များကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် သင်တန်း ဆင်းပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ရောက်ပြီး အင်အားဖြည့်ဆောင်ရွက်ကြရာမှာ ဌာနမှ ဆောင်ရွက်လျက်ရှိ တဲ့ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားတစ်ယောက်၏ လူမှုဘဝလုပ်ငန်းဆောင်ရွက်မှုတွင် အထောက် အကူဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားအား ဥပဒေနှင့်အညီ မဖြစ်မနေ ဆောင်ရွက်ပေးလိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ပေးကြရန်နှင့် စီမံချက်အောင်မြင်ရေးအတွက် အားလုံး အားကြိုးမာန်တက် တက်ညီ လက်ညီ ဆောင်ရွက်ကြရန် မှာကြားသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံဘာသာရပ်သင်တန်းတွင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ လူမှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်တို့က သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ချိန်၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း