စေတုတ္တရာ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ်ဦးစီးဌာနမှူးရုံးမှ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည့် အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ ပြည့် ကျောင်းသား/သူ ၈၆ ဦး၏ နိုင်ငံသားစီစစ်ရေးကတ် ပြား ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ဝန်ကြီး ဦးထွန်းခင် က နိုင်ငံသား စီစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ပက်သက်၍ အဖွင့်အမှာစကားပြောပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ဝန်ကြီး ဦးထွန်းခင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟိန်းထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးသိန်းမင်းဇင်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သန်းနှင့် ဦးသောင်းစိန်တို့က အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။