မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးက Oxygen Container Box ဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးက Oxygen Container Box ဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

စေတုတ္တရာ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှုရရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ထောက်ပံ့သည့် Oxygen Container Box ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီ ခွဲက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးရာ Oxygen Container Box ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးလင်းအောင် က ရှင်းလင်းတင်ပြရာတွင် Oxygen Container Box သည် ၁၀၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း၊ ယခုအချိန် ၌ စမ်းသပ် ထုတ်လုပ်နေကြောင်း နှင့် သတ်မှတ်ချက်အတိုင်းထုတ်လုပ် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟိန်းထက်အောင် က Oxygen Container Box ဖြစ်မြောက်ရေးကော်မတီအဖွဲ့များနှင့် တွေ့ဆုံကာ လိုအပ်ချက်များနှင့် ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း