ငဖဲ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးထွန်းခင် သည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉နာရီအချိန်က ငဖဲမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သိန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဝင်များက အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးရာ တိုင်းရင်း သားရေးရာဝန်ကြီးမှ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။