မကွေး နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို နိုဝင်ဘာလ ၂ ရက် ယမန်နေ့မွန်းလွဲ (၁)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ဦးတင့်လွင်က နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုသည် ကလေးအလုပ်သမားများအပေါ် အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ကလေး အလုပ်သမားအများစုသည် ကောင်းစွာပညာ မသင်ကြားရဘဲ ပညာရေးနိမ့်ပါးသူများဖြစ်သည်ကို တွေ့ရှိရပြီး ကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံတိုင်းအလေးထား ဖြေရှင်းရမည့် ကိစ္စများ ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် ဥပဒေ ပြဌာန်းချက်များကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီနှင့်အတူ အမျိုးသားအဆင့်ကော်မတီ(၈)ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဦးဆောင်ဖွဲ့ စည်းထားပြီးဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ(၈)ရပ် အနေဖြင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ မတ်လ အထိ(၆)လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ တင်ပြထားမှုအား ခွင့်ပြုငွေချထား ပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့များ အနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ် ပြီး ဆပ်ကော်မတီ အချင်းချင်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိုးပိုင်မြင့်က ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဌများက မိမိတို့ သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကာ၊ လုပ်ငန်းဆပ်ကော်မတီမျာ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက ဦးတင့်လွင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။