မင်းဘူး နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများသည် (နိုဝင်ဘာ ၄ ရက်) ယမန်နေ့မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ်၊ ကုန်းသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် တာဝန်ရှိသူများက ကုန်းသာကျေးရွာရှိ ရပ်မိ/ ရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံကာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြာများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြေားကြားပြီး ကျောင်း သား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းမှန်မှန်တက်ရောက်ပြီး ပညာကြိုးစား သင်ယူကြရန်၊ အနာဂတ်သားကောင်းရတနာများပီသစွာ ပညာတတ် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တွေ့ဆုံမှာကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကုန်းသာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျား(၅၀)ဦး၊ မ(၄၇)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျား(၁၂)ဦး၊ မ(၁၆)ဦးနှင့် မှတ်ပုံပျောက်ပျက်သူ မ(၁)ဦး စုစုပေါင်း (၁၂၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြာများသည် နိုင်ငံသား တိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ် လိုအပ်သည့်အတွက် ယခုလို ကျေးရွာအရောက် ကွင်းဆင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။