ပခုက္ကူ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲ ၂ နာရီက ပခုက္ကူမြို့၊စည်ပင်သာယာရေးအဖွဲ့ ဧည့်ရိပ်သာခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပခုက္ကူခရိုင်နှင့် မြို့နယ်အတွင်း ဌာနဆိုင်ရာ လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် အခြားကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးအခြေအနေတို့ကို မေးမြန်းရာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်သူ တို့က ဌာနဆိုင်ရာလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်တက်ရောက်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများအလိုက် နယ်မြေအေးချမ်း လုံခြုံရေးကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စွာ ရရှိပြုစုနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများတို့ကို အသီးသီးရှင်းလင်း တင်ပြကြရာ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားကြောင်း သိရသည်။