ပခုက္ကူ နိုဝင်ဘာ ၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပခုက္ကူတက္ကသိုလ်နည်းပြ၊သရုပ်ပြများ၊ ဆရာအတတ် ပညာဦးစီးဌာ၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်နည်းပြ၊သရုပ်ပြများနှင့် အခြေခံပညာအဆင့် အလယ်တန်း၊ လက်ထောက် မူလတန်းပြကျောင်းဆရာ၊ဆရာမများကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၈ရက် နံနက်ပိုင်းက ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် နံနက်၉နာရီအချိန်က ပခုက္ကူတက္ကသိုလ်နည်းပြ၊သရုပ်ပြကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲတက်ရောက်ပြီး တက္ကသိုလ်အဆင့်အသစ်ခန့်အပ် လိုက်သည့် တက္ကသိုလ်နည်းပြ၊သရုပ်ပြများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်များအတိုင်းလိုက်နာဆောင်ရွက်ကြရန်၊ ကျောင်းသား၊ကျောင်းသူ များအား အရည်အချင်းပြည့်ဝပြီး အနာဂတ်တိုင်းပြည်အတွက် အမှန်တကယ်အကျိုးပြုသည့်အနာဂတ်မျိုးဆက်သစ်များ မွေး ထုတ်ပေးကြရန်၊ ကျောင်းပညာရပ်များအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ တိုင်းပြည်နှင့်လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် ချစ်မြတ်နိုးတတ်စေရန်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို မြတ်နိုးထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ ခေတ်နှင့်အညီတွေးခေါ်မျှော်မြင်ကြံဆတတ်စေရန်တို့အတွက် စနစ်တကျ သင်ကြားပို့ချလေ့ကျင့်ပေးကြရန်လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူပညာရေးဒီဂရီကောလိပ် နည်းပြ၊သရုပ်ပြများနှင့် အခြေခံ ပညာအဆင့်အလယ်တန်း၊လက်ထောက်မူလတန်းပြကျောင်းဆရာ၊ဆရာမများကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကထောက်ပံ့သည့် ကျောင်းသုံးဗလာ စာအုပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များအား သင်တန်းသား၊သင်တန်းသူများထံ ပေးအပ်သည်။
သင်ကြားရေးပညာမွမ်းမံသင်တန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၈ရက်မှ ဒီဇင်ဘာလ ၃ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ စာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပို့ချပေးမည် ဖြစ်သည်။ ပခုက္ကူတက္ကသိုလ်တွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်(၁၃)ခုအတွက် နည်းပြ၊သရုပ်ပြဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၁၀၉ဦး၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းတွင် နည်းပြ၊သရုပ်ပြဝန်ထမ်း သင်တန်းသား၊သင်တန်းသူ ၁၀ဦး၊ အခြေခံပညာ အဆင့် အလယ်တန်း၊ လက်ထောက်မူလတန်းပြကျောင်းဆရာ၊ဆရာမ ၁၇၇ဦး အသီးသီးခန့်အပ်ထားကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၊ပခုက္ကူပညာရေးဒီဂရီကောလိပ်နည်းပြ၊သရုပ်ပြများနှင့် အခြေခံပညာအဆင့် အလယ်တန်း၊ လက်ထောက်မူလတန်းပြကျောင်းဆရာ၊ဆရာမများကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူနှင့်အဖွဲ့ဝင် များ၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်း အုပ်ဆရာကြီး၊ ဆရာ/မများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာတက္ကသိုလ်၊ကောလိပ်များအလိုက် အသစ်ခန့်အပ် ထားသည့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်းသိရသည်။