ရေနံချောင်း နိုဝင်ဘာ ၈
(၈.၁၁.၂၀၂၁)ရက်နေ့ နံနက်၀၈၁၅ အချိန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ရေနံချောင်းမြို့နယ်၊ ရေနံချောင်းတက္ကသိုလ် ၊ ပတ္တမြားခန်းမတွင်
နည်းပြ/သရုပ်ပြဆရာ/ ဆရာသစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းအခမ်းအနားသို့တက်ရောက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်တို့နှင့်အတူ
တက်ရောက်ခဲ့ပါသည်။ဆက်လက်၍ နံနက် ၀၉၂၀ အချိန် ရေနံချောင်းမြို့နယ်၊ ရွှေကြာငုံရပ်ကွက်၊ ရွာမရပ်ရှိ ရပ်ကွက်ဓမ္မာရုံတွင် ပန်းခင်းစီမံချက်
ဖြင့်နိုင်ငံသားကဒ်ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုခြင်း၊ရွာသစ်ရပ်ကွက်၊အ.ထ.က(၁)တွင် ကျောင်းသား
/ကျောင်းသူများကာကွယ်ဆေးထိုးနှံပေးနေမှုအားစစ်ဆေးကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်နှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။