စလင်း၊ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကံပြားကျေးရွာအုပ်စု၊ ကံပြား ကျေးရွာရှိ ကံပြားကန်သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းနှင့် စက်ရေတွင်းတူးဖော်ပြီးစီးမှုတို့အား နိုဝင်ဘာလ ၈ ရက် ညနေ ၃နာရီ၄၅ အချိန်က စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။
စလင်းမြို့နယ်ကံပြားကျေးရွာရှိ ကန်ပြားရေကန်သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းကို စီးပွားရေး ရာဝန်ကြီးဦးအောင်ချိန်နှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဉက္ကဌ ဦးနေလင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မြို့မစခန်းမှူးဒုရဲမှူးစိုးဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးနှင့်ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုခဲ့သည်။ ဟိုယခင်ကကန်ပြား ကန်အားမှီခို၍ စိုက်ပျိုးဧက ၄၁၀ ခန့်စိုက်ပျိုးအသုံးပြုခဲ့ရာ ယခုအချိန်တွင် ကန်ရေကိုအသုံးပြု၍ စိုက်ပျိုးဧက ၁၀၄ ဧကခန့် သာရှိတော့ကြောင်းသိရှိ ရပြီး ရေကန်အတွင်း သဲနှုန်းတူးဖော်ခြင်းကို ရေနည်းချိန်တွင် ဆက်လက်လုပ်ဆောင်ရန်နှင့် ထိုရေကန်မှရေကိုအသုံးချကာ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် စက်ယန္တယားကြီးများဖြင့် သဲနှုန်းများတူးဖော်ခြင်းလုပ်ငန်းကို လုပ်ဆောင် ပေးခဲ့သည်။ ကန်ပြားကန်ကို ၁၉၆၀-၆၁ခုနှစ်မှ စတင်တူးဖော်ခဲ့ကာ ရေဝင်ရောက်၍သဲနှုန်းများ ရေကန်အတွင်းရောက်ရှိခဲ့ပြီး တောင်သူများသောက် သုံးရေ၊ စိုက်ပျိုးရေနှင့် ကျွဲနွားတိရစ္ဆာန်များ အတွက် ရေအခက်အခဲရှိခဲ့ကြောင်းသိရှိရ၍ ယင်းကန်ကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအတွင်း စတင်တူးဖော်ပေးခဲ့ပြီး ဒေသခံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုအတွက် ဖြည့်ဆည်းပေးခဲ့ ကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေး ဦးစီးဌာနမှ AE ဦးတင့်လွင်အား လိုအပ်သည်များမှာကြားခဲ့ပြီး ကန်ပြားကျေးရွာအတွင်းရှိ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေးထားသည့် ရန်ပုံငွေ ကျပ်(၃၃.၈၈၃၅)သန်းဖြင့် ဆောင်ရွက်ထားရှိသော ပေ(၈၀၀)စက်ရေတွင်း တူးဖော်ခြင်းနှင့် ဂါလံ (၂၄၀၀)ဆံ့အမြင့်တင်ရေစင် တည်ဆောက်ထားရှိမှုတို့ကိုကြည့်ရှုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးခိုင်အား ကျေးရွာနေပြည်သူများ စက်ရေတွင်းမှသည်နေအိမ်များအထိ ရေပိုက်များသွယ်တန်းပေးနိုင်သည်အထိ ကျိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန်နှင့် ကျေးလက်နေပြည်သူများ၏သားသမီးများ ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းတက်နိုင်ရေးတို့ကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။