မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်း ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်း ဖွင့်ပွဲကျင်းပ

မကွေး နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း အခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက် ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုး သမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ရဲ့ ဦးဆောင် မှုဖြင့် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ အပါအဝင် လူငယ်များနှင့် လှုပ်ရှားဆောင်ရွက်ခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ အနေဖြင့် ပြည်သူ လူထုတစ်ရပ်လုံး ပါဝင်တဲ့ အေရိုးဗစ် လေ့ကျင့်ခန်းများ သင်ကြားပေးလျက်ရှိပြီး တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များမှာလည်း သင်တန်းများဖွင့်လှစ်ကာ အားကစားလှုပ်ရှားမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ သင်တန်းသူများ အနေဖြင့် အေးရိုးဗစ်/Fitness Dance နည်းပြသင်တန်းအား သင်တန်းပြီးမြောက်သည့် အချိန်အထိ စနစ်တကျ စည်းကမ်းရှိစွာဖြင့် သင်ကြားစေလိုကြောင်း၊ သင်တန်းပြီးစီးပါက မိမိတို့ ခရိုင်/မြို့နယ်များမှာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်၍ သင်ကြားပေးစေလိုပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်နှင့် Fitness Dance ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး ဂုဏ်ဆောင် နိုင်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် စွမ်းစွမ်းတမံ သင်ကြား ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သင်တန်းသူများမှ အဆင့်မြှင့် အေရိုးဗစ်(၄၆)ကွက် သရုပ်ပြသခြင်း၊ သင်တန်း သူ(၉)ဦးက Physical Fitness Dance အကဖြင့် သရုပ်ပြသခြင်းနှင့် နည်းပြဆရာမ ဒေါ်မိုးသီတာကို ဦးဆောင်၍ သင်တန်းသားများစုပေါင်းကာ Physical Fitness Dance အက သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖ များနှင့် လူငယ်မောင်မယ်များ၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း