အောင်လံ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေး ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်ချိန်နှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီက အောင်လံမြို့နယ်သို့ရောက်ရှိကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များနှင့် အောင်လံမြို့မြို့ပတ်လမ်းဆောင်ရွက်မည့်နေရာနှင့် ယာဉ်ရပ်နားစခန်းဆောင်ရွက်မည့် အမှတ်(၉၆) သစ်စက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် အဖွဲ့အား မြို့ပတ်လမ်းအကျဉ်းဆုံးနေရာဖြစ် သော(၁၀)လမ်းထောင့်၊ Good သောက်ရေသန့်စက်ရုံအနီး၌ Good သောက်ရေသန့်စက်ရုံမှ ဘူတာလမ်းဆုံအ ထိ ၄၀၇၃ ပေx ၂၄ ပေx ၉ ပေ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြသခြင်း၊ ဘူတာလမ်းဆုံမှ အေးချမ်းဖြိုးလမ်းဆုံအထိ ၁၉၁၆ပေ x ၂၄ပေ x ၉ပေ ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert ချဲ့ထွင် မည့်နေရာများ ကိုကြည့်ရှုစစ်ဆေးခြင်း၊ ယာဉ်ရပ်နားစခန်းဆောင်ရွက်မည့် အမှတ်(၉၆)သစ်စက်သို့သွားရောက်ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အဆိုပါလုပ်ငန်း များ ဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်က Power Point ဖြင့်အသေးစိတ် ရှင်းလင်းပြသပြီး စီးပွားရေးရာဝန်ကြီး ဌာန ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။