မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

မကွေး နိုဝင်ဘာ ၁၂

နှစ်စဉ်ကျင်းပမြဲဖြစ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၃-ခုနှစ် တန်ဆောင်မုန်းလဆန်း(၉)ရက်၊ နိုဝင်ဘာလ ၁၂ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ် ရေး ကျန်းမာရေး စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် စုပေါင်းမဟာဘုံကထိန်ပွဲသို့ တက်ရောက်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ၊ ရာဇမုနိတောင်ပေါ်ကျောင်း ပဓာနနာယက ဆရာ တော်(မဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တကေလာသထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်နာယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆရာတော်သံဃာတော် အရှင်သူမြတ် တို့ထံ ကိုဗစ်-၁၉ ကာလလအတွင်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်း(၄)ပါး အစရှိသော လှူဒါန်း ဖွယ်ရာတို့ကို ဆက်ကပ်လှူဒါန်းရခြင်းကြောင့် ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီး နှစ် ၅၀၀၀ မက ကြာရှည်တည်တံ့ ခိုင်မြဲထွန်းလင်းပါစေကြောင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့သည်လည်း ကျန်းမာစွာဖြင့် သာသနာ့ဝန်၊ ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် တိုင်းဒေသကြီးနှင့် မြန်မာ နိုင်ငံတော်ကြီးသာမက ကမ္ဘာတစ်ဝှမ်း ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါကြီးမှ အမြန်ဆုံး ကင်းဝေးပါစေကြောင်း လျှောက်ထားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အမှူးပြုသော အကြီး အကဲများမှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ကထိန်အခြံအရံ ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းသည့် စာရင်းအား စေတနာသဒ္ဓါတရား ပွားများ နိုင်ရန်နှင့် သာဓုအနုမောဒနာ ပြုနိုင်ရန် ဖတ်ကြားကြေငြာရာ ပဒေသာပင်များမှ ငွေသားနှင့် ပစ္စည်း တန်ဘိုး စုစုပေါင်း (၃၆၆၅၉၃၅၀/ိ-) ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မကွေးမြို့ သံဃာရာမစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဆရာ တော်ကြီး ဘဒ္ဒန္တစိန္တာသာရထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြောင်း၊ ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း