မကွေး နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီိးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးတင့်လွင် တက်ရောက် လမ်းညွှန် အမှာစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ သတ်မှတ်ပေးထားပြီး လုပ်ငန်းတာဝန်များအား တည်ဆဲဥပဒေများနှင့်အညီ တိုင်းဒေ သကြီးအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက် ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အနေဖြင မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာမှာ နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဒေသခံများ မြေယာမဲ့နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးနှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ မွေးမြူရေးလုပ်ငန်းများ ဓါတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများ အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ် သည့် အခြားလုပ်ငန်းများအား ထိရောက်မှန်ကန်စွာ အသုံးချနိုင်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့်ဌာန အဖွဲ့အစည်း အားလုံးနှင့်ချိပ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ ရာသီသီးနှံ၊စက်မှုကုန်ကြမ်းရာသီသီးနှံ၊နှစ်ရှည်ပင်၊ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့် အသုံး ပြုခွင့် ပုံစံ(၁)လျှောက်ထားမှုများ၊ မွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုခွင့်ရရှိရန် ပုံစံ(၂) လျောက်ထား မှုများ၊ ဓါတ်သတ္ထုထုတ်လုပ်ခြင်းလုပ်ငန်းအတွက် အသုံးပြုခွင့်ရရှိရန် ပုံစံ(၃)ဖြင့် လျှောက်ထားလာ သည့် အမှုတွဲများနှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် လုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက် ပုံစံ(၄)ဖြင့် လျှောက်ထားလာသည့် အမှုတွဲများနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်ရေး ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ၏ တင်ပြဆောင်ခဲ့မှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲက စိစစ်ခြင်း ခွင့်ပြုခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။