မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

မကွေး နိုဝင်ဘာ ၁၄

ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့သည် တာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးခရိုင်အတွင်းရှိ စံပြစပါးစိုက်ခင်းတွင် မိုက်တိုဇမ် ရွက်ဖြန်းအားဆေး အသုံးပြု၍ စိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တောင်သူများအား တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင် ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ ရောက်ရှိ ဖူးမြော်ကြည်ညိုပြီး၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မာစာရ(သာသနာ့ဓဇ ဓမ္မာစရိယ)အား သွားရောက် ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

နောက်ဆုံးရ သတင်း