မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မကွေး နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို နိုဝင်ဘာလ ၁၅ ရက် ယနေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များကို(၆)လတာ ဘတ်ဂျက်အတွင်း ဆောင်ရွက်ရမည့်ဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ရုံး အဆောက်အဦများနှင့် ရုံးပတ်ဝန်းကျင်များအား သန့်ရှင်း သာယာလှပရေး စီမံဆောင်ရွက်စေလိုကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မီးဘေး အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို အထူးအလေးထား လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေ သကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား မြို့ပေါ်ရပ်ကွက်များမှာ သာမက ကျေးလက် ဒေသများရှိ ပြည်သူများအထိ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မိမိတို့ ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို တက်ရောလာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာန အလိုက် တာဝန်ရှိသူများ အနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနများနှင့် ဆက်စပ်ပူးပေါင်း၍ မိမိတို့ ဌာနလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက် သွားကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း