မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား တက်ရောက်ဖွင့်လှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား တက်ရောက်ဖွင့်လှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား တက်ရောက်ဖွင့်လှစ်

ရေနံချောင်း နိုဝင်ဘာ ၁၆

ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံ ချောင်းမြို့နယ် ရေနံချောင်းတက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက် ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က ရေနံချောင်းတက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ် ခြင်း အထိမ်းအမှတ်အဖြစ် တက္ကသိုလ်(Logo)ကို ပင်မဆောင်ရှေ့တွင် စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခ ချုပ် ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိ သူများက ရေနံချောင်းတက္ကသိုလ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ တက္ကသိုလ်ပတ္တမြားခန်းမတွင် တွေ့ဆုံပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုလို ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်ခြင်းဟာ ဒေသအလိုက ်လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုတွေ တည်တံ့ခိုက်မြဲတိုးတက်နေစေဖို့၊ အဆင့်မြင့်ပညာကို ဒေသခံ ကျောင်းသား၊ကျောင်းသူတွေ ပိုမိုသင်ကြားသင်ယူခွင့်ရစေဖို့ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်ရှိမှုက ဒေသခံပြည်သူတွေရဲ့ စီးပွားရေးကိုလည်း ထောက်ကူပေးတာဖြစ်တဲ့အတွက် ရေနံချောင်းတက္ကသိုလ် အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းဟာ ဒေသခံတွေအနေနဲ့ ဂုဏ်ယူစွာ ကြိုဆိုရမှာဖြစ်ကြောင်း၊ ပညာ ရေးဝန်ကြီးဌာန အနေနဲ့လည်း တက္ကသိုလ်တွေ အရည်အသွေးတိုးမြှင့်ရန်ဆောင်ရွက်ရာမှာ ဆရာ၊ ဆရာမဦးရေ တိုးမြှင့်ခန့်ထားရေး အရည်အသွေးမြင့်မားရေး၊ သင်ရိုးညွှန်းတမ်းများခေတ်မီရေး၊ စီးပွားရေးအထောက်အကူပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင် ရွက်စေရေးစတဲ့ ရေရှည်ဖွဲ့ဖြိုးတိုးတက်မှု အစီအစဉ်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒတွေ ရည်မှန်းချက်တွေ အောင်မြင်အောင် ကျောင်းသား၊ ဆရာ၊ ဝန်ထမ်းဆိုတဲ့ အင်းအားစု(၃)ရပ်က တက်ညီလက်ညီ ဆောင်ရွက်ဖို့လိုကြောင်း၊ သုံးဦးသုံးဖက်တက်ညီလက်ညီဆောင်ရွက်မှသာ ပညာရေး ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့အညီ ၂၀၂၅ အထိ မျှော်မှန်းကျောင်းသားဦးရေအတွက် ရည်မှန်းဆောင်ရွက်မှု တွေ အောင်မြင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့လည်း ပညာရေးအဆင့်မြှင့်တင် ဆောင်ရွက်ရန် ဆရာ၊ဆရာမများ အရည်အသွေးမြှင့်တင်ရေးဆောင်ရွက်ရန်နဲ့ နိုင်ငံတော်မှာ ပညာ တတ်များ ပေါများအောင် ဆောင်ရွက်ရန် အမြဲလမ်းညွှန်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ အသစ်ခန့်အပ်လိုက်တဲ့ နည်းပြ သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များကို စီမံခန့်ခွဲရေး သင်ပြနည်း အပါအဝင် သက်ဆိုင်ရာ ဘာသာရပ်မွမ်းမံသင်တန်းများ ဖွင့်လှစ်ကာ အရည်အသွေးမြှင့်တင်ပေး လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အသိပညာ အတတ်ပညာစတဲ့ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများအပေါ်မှာ များစွာမူတည်ကြောင်း၊ဆရာ ဆရာမတို့အနေနဲ့ ကျောင်းသား ကျောင်းသူတွေကို ပညာသင်ကြားရာမှာ မျက်မှောက်ကာလဖြစ်တဲ့ ပညာခေတ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မယ့် အစဉ်လေ့လာ သင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခု ကို ဖန်တီးနိုင်မယ့် ပညာရေးစနစ် တစ်ခုပေါ်ထွန်းလာစေဖို့နဲ့ ပညာခေတ်ရဲ့စိန်ခေါ်မှုကို ကျော်လွှားနိုင် မယ့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရာမှာဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ(ဃ)တွင် “ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ဖော်ဆောင်ရမည်”ဖြစ်သည်ဟု ပြဌာန်းထားကြောင်း၊ ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန် ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေးစနစ်ဆိုပြီး အပိုင်း(၃)ပိုင်းတွေ့ရမှာဖြစ်ကြောင်း၊ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့ စကားနဲ့အညီ နိုင်ငံ၏အနာဂတ်ကို ထုဆစ်ပုံဖော်မည့်သူများဟာ ယနေ့ပညာသင်ကြားနေကြတဲ့ လူငယ်လူရွယ်များပဲဖြစ်ကြောင်း၊ ခေတ်မီ၍ရသော်လည်း ခေတ်လွန်သည့် အတွေးအခေါ်များကို အားပေး၍ရမည် အဟုတ်ပါကြောင်း၊ မိမိတို့ရဲ့ယဉ်ကျေးမှုကို မပျက်စီးအောင်ထိန်းသိမ်းနိုင်ရေးအတွက် အတွေးအခေါ်မှန်ကန်အောင် ထည့်သွင်းဆုံးမကြရန် လိုအပ်ပါကြောင်း၊ ဒီလိုမှန်ကန်မှသာ နိုင်ငံသူ နိုင်ငံသားများရဲ့ အတွေးအခေါ် အယူအဆတွေဟာ မှန်ကန်ပြီး အကျင့်စာရိတ္တနှင့် ခေတ်မီဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံတော်တည်ဆောက်ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ပညာရေးရည်မှန်းချက် များကို အောင်မြင်အောင် အကောင်အထည်ဖော်တဲ့နေရာမှာ တက္ကသိုလ် တွေကစွမ်းဆောင်နိုင်တာ ဖြစ်တဲ့အတွက် ဒေသရဲ့ ရတနာတက္ကသိုလ်တစ်ခု၊ ပညာရပ်ဝန်းကောင်းတစ်ခု ဖြစ်ပေါ်လာခြင်းကို လှိုက်လှဲစွာကြိုဆိုကြောင်း ပြောကြားသည်။

ယင်းနောက် ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က တက္ကသိုလ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ရေနံချောင်း တက္ကသိုလ်ဝန်း အတွင်းလှည့်လည်ကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ ရေနံချောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊တိုင်း ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ် သင်ကြားစီမံပါမောက္ခ၊ဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း