မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်း ဆင်းပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်း ဆင်းပွဲ တက်ရောက်

မကွေး နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း အခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သင်တန်းသူများအား ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့သည်။

သင်တန်းဆင်း အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ အပါအဝင် လူငယ်များနှင့် လှုပ်ရှား ဆောင်ရွက်ခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ ကြီးကြပ်မှုအောက်ရှိ ခရိုင်/မြို့နယ် အမျိုးသမီး အားကစားအဖွဲ့များ ဖွဲ့စည်းပြီး အမျိုးသမီးအားကစားသမား မျိုးဆက်သစ်များပေါ်ထွက်လာနိုင်ရေး အမျိုးသမီးထုကြား အားကစားလှုပ်ရှားမှု ပိုမိုကျယ်ပြန့် လာနိုင်စေရန်အတွက် ယခုလို အေရိုးဗစ် သင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ တိုင်း/ခရိုင်/မြို့နယ်များမှ နည်းပြ/နည်းစနစ်မှူးများနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ကာယဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ မိမိတို့ ခရိုင်/မြို့နယ် များမှာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်၍ သင်ကြားပေးစေလိုပါကြောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အေရိုးဗစ်နှင့် Fitness Dance ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွန်းလာစေရေးတို့ အတွက် ဆက်လက်ပြီး စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သင်တန်းသူများမှ အဆင့်မြှင့် အေရိုးဗစ်(၄၆)ကွက် သရုပ်ပြသခြင်း၊ သင်တန်း သူ(၉)ဦးက Physical Fitness Dance အကဖြင့် သရုပ်ပြသခြင်းနှင့် နည်းပြဆရာမ ဒေါ်မိုးသီတာကို ဦးဆောင်၍ သင်တန်းသားများစုပေါင်းကာ Physical Fitness Dance အက သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသူများအား ဂုဏ်ပြုဆုငွေ ပေးအပ်ကာ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ တာဝန်ရှိသူတို့က သင်တန်းသား ထူးချွန်ဆုများ ချီးမြှင့်ပေး အပ်ခဲ့ကြသည်။

အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အေရိုးဗစ်အားကစားကို လူထုအားကစား လှုပ်ရှားမှု အသွင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ အားကစားလှုပ်ရှားမှုတွင် စုပေါင်းပါဝင် လှုပ်ရှား သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုဖွင့်လှစ်ခဲ့သည့် ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်းအခြေခံနှင့် အဆင့်မြှင့် အေရိုးဗစ်သင်တန်းကို(၁၀-၁၁-၂၀၂၁)ရက်နေ့မှ(၂၀-၁၁-၂၀၂၁) ရက်နေ့ထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း